နည်းပညာများတိုးတက်လာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နည်းလမ်းများ သည်လည်း တိုးတက်လာကြသည်။ သို့ရာတွင် မိခင်သေဆုံးနှုန်းသည် အမျိုးသမီးများ၏ဘ၀ကို ခြိမ်း ခြောက်နေသော ထိပ်တန်းအချက်တစ်ခု ဖြစ်နေသေးသည်။ ၂၀၀၈ ခုနှစ်တွင် မိခင်သေဆုံးနှုန်း (MMR) သည် ၂၄၀ ဖြစ်ပြီး ၂၀၁၀ တွင် ၂၀၀ ဖြစ်သည်။ ဆိုလိုသည်မှာ ၂၀၁၀ တွင် ကလေးအရှင်မွေး မှု ၁၀၀,၀၀၀ တွင် မိခင်သေဆုံးမှု ၂၀၀ ရှိသည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။ သေဆုံးရသည့်အ ကြောင်းရင်းတွင် ကိုယ်ဝန်ကြောင့်သော်လည်းကောင်း၊ ကိုယ်ဝန်စောင့်ရှောက်မှု (မတော်တဆနှင့် အခြား သက်ရောက်မှုများအပါအ၀င်) ကြောင့်သော်လည်းကောင်း ဖြစ်သည်။ ခန့်မှန်းချေအားဖြင့် အမျိုးသမီး ၈၃၀ ခန့်မှာ ကိုယ်ဝန်ဆောင်ခြင်းနှင့် မီးဖွားခြင်းဆိုင်ရာ ကြိုတင်ကာကွယ်၍ရသော အ ကြောင်းများကြောင့် နေ့စဉ်သေဆုံးနေကြသည်။ မိခင်သေဆုံးမှုအားလုံး၏ ၉၉% မှာ မြန်မာနိုင်ငံကဲ့ သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် ဒေသအခေါ်လက်သည်များဖြင့် အိမ်တွင်မီးဖွားမှု အများအပြားတွေ့နေရဆဲပင်ဖြစ်သည်။ ဤဆောင်း ပါးတွင် မိခင်ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများကို ဖော်ပြပေး လိုက်ပါသည်။

 

(၁) မမွေးမီကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း

သင့်လျော်သော မမွေးမီကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းသည် ဘေးကင်းသော သားဖွားခြင်း အတွက် မရှိမဖြစ်အချက်များထဲမှ တစ်ခုပင်ဖြစ်သည်။ ယင်းစောင့်ရှောက်ခြင်းကို ကိုယ်ဝန်ရှိသည်ဟု စတင်သိရှိချိန်ကတည်းက စတင်သင့်သည်။ မမွေးမီစောင့်ရှောက်ခြင်းသည် မျိုးဆက်ပွားကျန်းမာရေး တွင် စမှတ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။ ယင်းစောင့်ရှောက်ခြင်းတွင် မွေးမည့်ရက် ခန့်မှန်းပေးခြင်း၊ မိခင် ၏ကျန်းမာရေးအခြေအနေအား စစ်ဆေးခြင်း၊ သန္ဓေသား၏ ဖွံ့ဖြိုးမှုကို တီဗွီဓာတ်မှန်ရိုက်၍ စစ်ဆေး ခြင်း၊ ကူးစက်ရောဂါများ ရှိ မရှိ စစ်ဆေးခြင်း၊ ကူးစက်ရောဂါများရှိပါက မိခင်မှ သန္ဓေသားဆီသို့ မကူး စက်စေရန် ကာကွယ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း စသည်တို့ပါဝင်လေ့ရှိသည်။

 

(၂) မီးဖွားနေစဉ်စောင့်ရှောက်ခြင်း

မီးဖွားချိန်တွင် မီးဖွားခြင်းအဆင့်လေးဆင့်ရှိသည်။ ယင်းတို့အနက်တွင် မီးဖွားခြင်း အဆင့်သုံး မှာ အရေးအကြီးဆုံးဖြစ်သည်။ ယင်းအဆင့်သည် ကလေးမွေးဖွားပြီးချိန်တွင် စတင်ပြီး အချင်းနှင့်တကွ အချင်းနှင့်တွယ်ဆက်နေသော ရေမွှာအိတ်အခွံ (အမြှေးများ) ထွက်လာချိန်တွင် ပြီးဆုံးမည်ဖြစ်သည်။ မီးဖွားခြင်းအဆင့်သုံးတွင် စနစ်တကျစောင့်ရှောက်ခြင်းဖြင့် မီးဖွားပြီးနောက် သွေးသွန်ခြင်းကို ကာ ကွယ်ရာတွင် အကူအညီဖြစ်စေမည်ဖြစ်သည်။ ယင်းစောင့်ရှောက်ခြင်းတွင် oxytocin ထိုးဆေး ချက် ချင်းထိုးခြင်း၊ အချင်းကြိုးကို ထိန်း၍ ဆွဲပေးခြင်းနှင့် သားအိမ်ကို နှိပ်ပေးခြင်းတို့ ပါဝင်သည်။

 

(၃) မီးဖွားပြီးနောက်ပိုင်း စောင့်ရှောက်ခြင်း

မီးဖွားပြီးနောက်ပိုင်း စောင့်ရှောက်ခြင်းတွင် သွေးထွက်မှုကို ထိန်းချုပ်ခြင်း၊ ရောဂါဝင်ရောက်မှု များကို ကာကွယ်ခြင်း၊ မိခင်နှင့်ကလေးတို့၏ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ခြင်းနှင့် နာကျင်မှုအတွက် ကုသမှုပေးခြင်းတို့ ပါဝင်လေ့ရှိသည်။ ယင်းအဆင့်သည်လည်း အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သွေးထွက်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့သည် ဂရုစိုက်ကုသမှုမပြုလုပ်ပါက အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သောကြောင့်ပင်ဖြစ်သည်။

 

(၄) ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦး၏ စောင့်ကြည့်မှု

ယင်းသည် မီးဖွားခြင်း အဆင့်လေးဆင့်လုံးအတွက် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ မြန်မာနိုင်ငံတွင် မိခင်သေဆုံးမှုများကို ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များ၊ လိုအပ်သောဆေးဝါး များနှင့် အထောက်အကူပစ္စည်းများ အလွယ်တကူမရရှိနိုင်သော ကျေးလက်ဒေသများတွင် အများဆုံး တွေ့ရလေ့ရှိသည်။ ကျေးလက်ဒေသအများစုတွင် လက်သည်သို့မဟုတ် သူနာပြု သို့မဟုတ် သား ဖွားဆရာမနှင့်အတူ အိမ်တွင်မီးဖွားခြင်းများကို အများအပြားတွေ့နေရဆဲ ဖြစ်သည်။ အဆိုပါကိစ္စသည် မိခင်သေဆုံးမှုနှုန်းကို မြင့်တက်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သောကြောင့် ဆေးရုံတက်၍ မွေး ဖွားခြင်းကို ပို၍ ပြုလုပ်လာကြစေရန် အားပေးမှုများ ပြုလုပ်သင့်သည်။

 

(၅) မီးဖွားပြီးနောက် သွေးသွန်ခြင်း

သွေးသွန်ခြင်းသည် မီးဖွားခြင်းတွင် အသက်ကို အန္တရာယ်ပေးနိုင်သော အချက်များထဲမှ တစ် ခုဖြစ်ပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ အထူးသဖြင့် အိမ်တွင် မွေးဖွားသူများတွင် ဖြစ်နိုင်ချေပို များသည်။ မီးဖွားပြီးနောက် ၂၄ နာရီအတွင်း သွေးပမာဏ ၅၀၀ စီစီအထက်နှင့်အထက် ဆုံးရှုံးခြင်းကို မီးဖွားပြီးနောက် သွေးသွန်ခြင်းဟု သတ်မှတ်ထားသည်။

 

(၆) ရောဂါပိုးဝင်ခြင်း

ရောဂါပိုးဝင်ခြင်းသည် မိခင်အတွက် ကလေးအတွက်ပါ အန္တရာယ်ရှိသည်ဆိုသည်ကို သံသ ယ ဖြစ်စရာ မရှိပေ။ အိမ်တွင် မွေးဖွားသူများအတွက်ပင်လျှင် တင်းကြပ်သော ပိုးကင်းစင်စေသည့် နည်းစနစ်များကို အသုံးပြုသင့်သည်။ မီးဖွားပြီးချိန်တွင် သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများ ပေး ရန်လိုအပ်သောကြောင့် ယင်းတို့ကို မမွေးခင်ကတည်းကပင် ကြိုတင်ပြင်ဆင်ထားသင့်သည်။ ကြိုတင် ကာကွယ်၍ရသော ရောဂါများရှိ မရှိစစ်ဆေးခြင်းနှင့် ရှိပါက ကာကွယ်ခြင်းတို့ကိုလည်း ပြုလုပ်သင့် ပါသည်။

 

(၇) သွေးတိုးခြင်းနှင့် မီးမဖွားနိုင်ခြင်း

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း၌ ရှေးဦးကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း ကဲ့သို့ သွေးတိုးဆိုင်ရာအခြေအနေများကို တွေ့ရတတ်သည်။ ရှေးဦးကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဖြစ်ပွားသော အခြေအနေတစ်ခုဖြစ်ပြီး ဆီးထဲတွင် သွေးပါခြင်းနှင့်တွဲ၍ ဖြစ်လေ့ရှိသည်။ သွေးဆိပ်တက်ခြင်းဆိုသည်မှာ ရှေးဦးသွေးဆိပ်တက်ခြင်းဖြစ်စဉ်အပေါ်တွင် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော တက်ခြင်းများ ထပ်ကာထပ်ကာ ဖြစ်ပွားခြင်းဖြစ်သည်။  မီးမဖွားနိုင်ခြင်း နှင့် ပုံမှန်မဟုတ်သည့်မွေးဖွားခြင်းများဖြစ်ကြသည့် တင်ပါးဆုံမှ စ၍မွေးဖွားခြင်း၊ ပုခုံးမှစ၍ မွေးဖွားခြင်း နှင့် မိခင်ဖြစ်သူ မညှစ်နိုင်ခြင်း စသည်တို့ကိုလည်း တွေ့ရှိရတတ်သည်။ အဆိုပါအခြေအနေများအ တွက် ဆေးဝါးဖြင့် ကုသမှုများ၊ ကိရိယာသုံးမွေးဖွားခြင်း (လေစုပ်စက်ဖြင့်ဆွဲခြင်း သို့မဟုတ် ညှပ်ဆွဲ ခြင်း) သို့မဟုတ် အရေးပေါ် ဗိုက်ခွဲ၍မွေးဖွားခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ ထို့ကြောင့် အိမ်တွင် မွေးဖွားသူများအနေဖြင့် အရေးပေါ်လိုအပ်ပါက သွားလာနိုင်ရန် သယ်ယူပို့ဆောင်ရေးတစ်ခုခုကိုပါ ပြင်ဆင်ထားသင့်ပါသည်။

Hinterlasse einen Kommentar

Be the First to Comment!

avatar
  Subscribe  
Notify of