သွေးလွန်တုပ်ကွေးအဖျားရောဂါ

သွေးလွန်တုပ်ကွေးအဖျားရောဂါ

ခြုံငုံလေ့လာခြင်း/နိဒါန်း

ဒန်-ဂင်း ဟုအသံထွက်သော သွေးလွန်တုပ်ကွေးဆိုသည်မှာ Flavirifidae မိသားစုဝင် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး အဖျားရောဂါ သည် ခြင်မှတဆင့်ကူးစက်တတ်သော ရောဂါဖြစ်ပြီး နေ့ပိုင်းတွင် ကိုက်တတ်သည့် ခြင်များဖြစ်ကြ သည့် Aedes Aegypti နှင့် Aedea Albopictus ခြင်များမှ မှ ကူးစက်ခြင်းဖြစ်ပါသည်။ ခြင်တစ် ကောင်တွင် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ရောက်ရှိပါက ယင်းဘ၀တစ်ခုလုံးတွင် ရောဂါကူးစက် နိုင်ပြီး လူသားအချင်းချင်း တိုက်ရိုက်ကူးစက်မှု မရှိပါ။

ဗိုင်းရပ်စ်တွင် RNA ကြိုးမျှင်မျိုးဗီဇ ပြုပြင်မှုရှိပြီး အလွန်တူညီသည့် အမျိုးအစား ၄ မျိုးရှိပါ သည်။ သို့ရာတွင် ယင်းတို့သည် antigen ပိုင်းအရ ကွဲပြားခြားနားသောကြောင့် လူတစ်ဦးသည် အမျိုးအစားတစ်ခုအား ပြီးခြင်းရှိပါကလည်း အခြားအမျိုးအစားများမှ ကူးစက်နိုင်ပါသည်။

သွေးလွန်တုပ်ကွေးသည် အပူပိုင်းဒေသများနှင့် အပူပိုင်းနှင့်နီးသောဒေသများဖြစ်ကြသည့် အရှေ့တောင်အာရှ၊ ကာရစ်ဘီယန်၊လက်တင်အမေရိကနှင့် အနောက်ပစိဖိတ်ကျွန်းများတွင် အဓိက ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရ နှစ်စဉ် ကမ္ဘာတ၀ှမ်းတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရမှု သန်း ၅၀ နှင့် ၁၀၀ ကြားခန့်ရှိပါသည်။

မြန်မာနိုင်ငံတွင် နေ့စဉ် ကူးစက်မှုအနေဖြင့် ၂၀၀ နှင့် ၂၅၀ ကြားရှိပြီး သေဆုံးမှုမှာ ၄၀ ခန့် ရှိပါသည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတ၀ှမ်း၌ သွေးလွန်တုပ်ကွေးကူးစက်မှု ၁၃, ၀၈၆ မှု ဖြစ်ပွား ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၂၀,၂၅၅ မှု ဖြစ်ပွားခဲ့ပါသည်။ မွန်ပြည်နယ်သည် ကူးစက်မှု ၂,၁၈၂ မှုဖြင့် အများဆုံးဖြစ်ပြီး ယင်းနောက်တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ အစဉ်လိုက်ရှိပါသည်။

 

လက္ခဏာများ

သွေးလွန်တုပ်ကွေးကို ကိုင်တွယ်ရခက်ခြင်း၊ နေရာပြောင်းလဲခြင်းနှင့် ခံစားရသူများတွင် အဆစ်များနာကျင်မှုသက်သာစေရန် လမ်းလျှောက်ရန်ကြိုးစားကြခြင်းကြောင့် “Dandy အဖျား” သို့မဟုတ် “အရိုးကွဲအဖျား” ဟုလည်း သိကြပါသည်။

ပုံမှန်အားဖြင့် သွေးလွန်တုပ်ကွေး၏ လက္ခဏာများသည် ရောဂါပိုးရှိသည့်ခြင်ကိုက်ခြင်းခံရ ပြီးနောက် ၅ ရက်မှ ၁၀ ရက်အတွင် စတင်တွေ့ရတတ်ပါသည်။ ကလေးများနှင့် ဆယ်ကျော်သက် များတွင် အနုစားသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက မည်သည့်လက္ခဏာမျှ မတွေ့ရသည် လည်း ရှိတတ်ပါသည်။

သွေးလွန်တုပ်ကွေး၏ ပုံမှန်လက္ခဏာများသည် အနုစားမှ ပြင်းထန်သော သွေးယိုခြင်းများ ရှိသည့် အဖျားအထိ ဖြစ်နိုင်ပြီး ကိုယ်အပူချိန် ၁၀၄ မှ ၁၀၆ ဒီဂရီဖာရင်ဟိုက်ကြား ရှိတတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနှင့်အဆစ်များ ပြင်းထန်စွာနာကျင်ခြင်း၊ မျက်လုံးများနောက်တွင် နာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် မူးဝေခြင်းတို့ ပါဝင်ပါသည်။ အဆိုပါလက္ခဏာများ သည် လေးရက်မှငါးရက်အတွင်း လျော့သွားတတ်ပြီး ခန္ဓာကိုယ်အနှံ့တွင် အရေပြား၌ အင်ပြင်များ ဖြစ်ပေါ်ခြင်းဖြင့် ပြန်တွေ့ရတတ်ပါသည်။

အချို့သောပြင်းထန်သည့်အခြေအနေများတွင် သွေးဥမွှားအရေအတွက် ပြင်းထန်စွာ လျော့နည်းသွားတတ်ပြီး ကူးစက်ခံရသူသည် နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးယိုစီးခြင်း၊ ဆက်တိုက် အန်ခြင်း၊ အရေပြားအောက်တွင် သွေးထွက်ခြင်းနှင့် ပြင်းထန်စွာ ဗိုက်နာခြင်းတို့ကို ခံစားရနိုင်ပါ သည်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့တွေ့သင့်သလဲ

သွေးလွန်တုပ်ကွေးလက္ခဏာများသည် အခြားရောဂါများဖြစ်ကြသည့် ငှက်ဖျား၊ အူရောင် ငန်းဖျား၊ စိမ့်မြေအဖျားရောဂါ စသည့်ရောဂါများနှင့်လွန်စွာတူသောကြောင့် ရောဂါဖော်ထုတ်ရန် အ နည်းငယ်ခက်ခဲပါသည်။ လူတစ်ယောက်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားရာဒေသသို့သွား ရောက်ခဲ့ပြီးနောက် ဖျားခြင်း၊ အင်ပြင်ထခြင်း၊ ခေါင်းကိုက်ခြင်းများနှင့် ကြွက်သားနှင့်အဆစ်များ နာ ကျင်ခြင်းတို့ကို တွေ့ရှိရပါက ဆရာဝန်တစ်ဦးနှင့်အမြန်ဆုံးပြသ၍ သွေးလွန်တုပ်ကွေးရောဂါ စစ် ဆေးမှုအား ပြုလုပ်သင့်ပါသည်။

သွေးဥမွှားစစ်ဆေးခြင်းအပါအ၀င် ပြည့်စုံသော သွေးစစ်ဆေးမှုတစ်ခုအား ပြုလုပ်သင့်ပါ သည်။ သို့သော် MAC-ELISA စစ်ဆေးမှုသည် immunoglobulin M အားအခြေခံသော စစ်ဆေးမှု ဖြစ်ပြီး သွေးလွန်တုပ်ကွေးစစ်ဆေးရန်အတွက် အသုံးအများဆုံးဖြစ်ပါသည်။

ယခင်ကသွေးလွန်တုပ်ကွေးဖြစ်ဖူးသူများအနေဖြင့် လက္ခဏာများနောက်တစ်ကြိမ်တွေ့ရှိရ ပါက ဆရာဝန်တစ်ဦးနှင့် ချက်ချင်းပြသသင့်ပါသည်။ အကြောင်းမှာ ယင်းတို့သည် အခြားသွေး လွန်တုပ်ကွေးအမျိုးအစားများသို့ လွယ်ကူစွာ ပြောင်းလဲနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

 

ကုသမှု

သွေးလွန်တုပ်ကွေးရောဂါသည် အလိုလိုပျောက်ကင်းသည့် ရောဂါဖြစ်ပြီး ပုံမှန်အားဖြင့် ဆရာဝန်များမှ ခန္ဓာကိုယ်အား ရေဓာတ်မခမ်းခြောက်စေရန်အတွက် အရည်များများသောက်ရန် ပြောလေ့ရှိပြီး acetaminophens (Tylenor)၊ codine နှင့် အခြား စတီးရွိုက်မပါဝင်သည့် အကိုက် အခဲပျောက်ဆေးများ (NSAIDs) မဟုတ်သည့်ဆေးများအား ပေးတတ်ကြပါသည်။ Aspirin နှင့် ibuprofen ကဲ့သို့သော NSAIDs များသည် သွေးယိုခြင်းကို ဖြစ်စေနိုင်သောကြောင့် ဆရာဝန်များ မှ ရှောင်လေ့ရှိပါသည်။

ပြင်းထန်သောအခြေအနေများတွင် ဆေးရုံတက်ရန် လိုအပ်ပြီး သွေးပြန်ကြောမှတဆင့် အ ရည်သွင်းရန်၊ သွေးနှင့် သွေးဥမွှားသွင်းရန်နှင့် အထူးကြပ်မတ်စောင့်ရှောက်ရန် လိုအပ်ပါသည်။

ဆရာဝန်များမှ လူနာများအား အိမ်တွင်းဆေးများကို ရှောင်ခိုင်းတတ်ကြပါသည်။ အ ကြောင်းမှာ မတိကျသောကုသမှုများသည် ရောဂါ၏ပြင်းထန်မှုအား မြင့်တက်စေပြီး နောက်ဆက် တွဲရောဂါများနှင့်သေဆုံးမှုတို့ကို ဖြစ်စေနိုင်သောကြောင့်ဖြစ်ပါသည်။

 

ပျောက်ကင်းနိုင်မှု

သေချာစွာစောင့်ရှောက်ပါက သွေးလွန်တုပ်ကွေး၏ ပျောက်ကင်းနိုင်မှုသည် အလွန် ကောင်းပါသည်။ သို့ရာတွင် လူနာများအနေဖြင့် နလန်ထပြီးနောက် ပထမလအတွင်း အားနည်း ခြင်းကိုခံစားရနိုင်ပါသည်။ ပြင်းထန်သော အခြေအနေများနှင့် နောက်ဆက်တွဲရောဂါဖြစ်သော အ ခြေအနေများတွင် မကုသဘဲထားပါက သေဆုံးမှုနှုန်း ၅၀% အထိရှိပြီး သေချာစွာစောင့်ရှောက်၍ ကုသပါက သေဆုံးမှုနှုန်း ၃% သာရှိပါသည်။

 

ကာကွယ်ခြင်း

သွေးလွန်တုပ်ကွေးရောဂါအား ကာကွယ်ရာတွင် ခြင်ကိုက်ခံရခြင်းအား ကာကွယ်ရန်မှာ ပထမဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားနေသော ဒေသတွင် အကာအကွယ်ပေးနိုင်သော အ ၀တ်အစားများအား ၀တ်ဆင်သင့်ပြီး ခြင်ပြေးစေသောအရာများကိုလည်း သုံးသင့်ပါသည်။ မိုးချုပ် ချိန်တွင် မှောင်မည်း၍စိုစွတ်သော နေရာများအား ရှောင်ပါ။ ခြင်များပေါက်ပွားခြင်းနှင့်ပျံ့နှံ့ခြင်းကို ကာကွယ်သော လုပ်ဆောင်မှုများကိုလည်း ပြုလုပ်သင့်ပါသည်။

သွေးလွန်တုပ်ကွေးအတွက် ကာကွယ်ဆေးများအား ထုတ်လုပ်နေပြီဖြစ်သော်လည်း ယင်း တို့မှာ စိတ်ချရသော ထိရောက်မှုမရှိသေးပါ။

 

အသုံးဝင်သော သက်ဆိုင်ရာ link များ (1) (2) (3) (4) (5) (6)