မြန်မာနိုင်ငံ၏ရာသီဥတုမှာ ပူပြင်းသည့်အလျောက် သင့်အနေဖြင့် အပူချိန်ကို လျှော့ချရန် လိုမည်ဖြစ်ပြီး ရေကူးခြင်းသည် အကောင်းဆုံးရွေးချယ်မှုတစ်ခုပင် ဖြစ်သည်။ ရန်ကုန်မြို့တွင် ရေကူး ကန်အများအပြားရှိသည်။ ဤဆောင်းပါးတွင် ရွေးချယ်စရာ ရေကူးကန်အချို့ကို ကောက်နှုတ်ဖော်ပြ ပေးထားပါသည်။
ကုက္ကိုင်းရေကူးကန်
ကုက္ကိုင်းရေကူးကန်သည် ၁၉၀၄ ခုနှစ်ကတည်းက စတင်တည်ထောင်သော ရေကူးကန်တစ်ခု ဖြစ်ပြီး ရန်ကုန်မြို့၏ နာမည်ကျော် နေရာတစ်ခုလည်း ဖြစ်သည်။ ဂရုစိုက်၍ထိန်းသိမ်းထားသော မီတာ ၃၀ ရှိ ပြင်ပရေကူးကန် ၂ကန်ရှိသည်။ သန့်ရှင်းမှုကောင်းမွန်ပြီး လာရောက်ရေကူးသူ အများ အပြားကို တွေ့မြင်နိုင်သည်။ နွေရာသီတွင် နံနက်ပိုင်း၌ ရေကူးသူ ၅၀ ခန့်ရှိပြီး ညနေပိုင်း၌ရေကူးသူ ၇၀ခန့်ရှိတတ်သည်။ နှစ်စဉ် မတ်လမှ မေလအထိ ရေကူးသင်တန်းများဖွင့်လှစ်ခြင်းကြောင့် အဆိုပါ အချိန်များတွင် အဖွဲ့ဝင်မဟုတ်သူများနှင့် နိုင်ငံခြားသားများအား လာရောက်ရေကူးခြင်းကို ခွင့်မပြုပေ။ တည်နေရာမှာ အမှတ် ၃၄၊ ကုက္ကိုင်းရေကူးကန်လမ်း(ဆရာစံလမ်းဘေး)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန် ဖြစ်သည်။ ပုံမှန်ဖွင့်လှစ်ချိန်မှာ နံနက် ၇နာရီမှ ညနေ ၆နာရီအထိဖြစ်သည်။ ၀င်ကြေးမှာ ၅၀၀၀ ကျပ် (၅ဒေါ်လာခန့်) ဖြစ်ပြီး နိုင်ငံခြားသားများအတွက် ၀င်ကြေးမှာ အပြောင်းအလဲရှိနိုင်သည်။
အမျိုးသားရေကူးကန်
အမျိုးသားရေကူးကန်သည်လည်း ရန်ကုန်မြို့ရှိ အခြားနာမည်ကျော် ရေကူးကန်တစ်ခု ဖြစ် သည်။ ယင်းကန်သည် မီတာ ၅၀ ရှိ ကန်ကြီးတစ်ကန်ဖြစ်ပြီး ဒိုင်ဗင်ထိုးရန်နေရာနှင့်အတူ နေပူစာလှုံ ရန်နေရာများပါ ထားရှိပေးထားသည်။ သန့်ရှင်းမှုမှာလည်း သင့်လျော်ကောင်းမွန်သော အနေအထား ဖြစ်သည်။ ဖွင့်လှစ်ချိန်မှာ နံနက် ၉နာရီမှ ညနေ ၄နာရီအထိဖြစ်ပြီး ၀င်ကြေးမှာ ၃၀၀၀ ကျပ် (၃ ဒေါ် လာခန့်) ဖြစ်သည်။ တည်နေရာအားဖြင့် အမှတ် ၆၈၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တွင် တည်ရှိ သည်။
ကန်တော်ကြီးရေကူးကန်
ကန်တော်ကြီးရေကူးကန်သည် အနက် ၃ပေမှ ၉ပေအထိရှိသော ၃၅ကိုက်အရှည်ရှိ ရေကူး ကန်တစ်ခု ဖြစ်သည်။ အများပြည်သူသုံးရေကူးကန်တစ်ခုဖြစ်ပြီး ရေပန်းများ၊ ရေနွေးငွေ့ခန်းများ၊ ပစ္စည်းသိမ်းခန်းများနှင့် ဘားတစ်ခုလည်း ပါဝင်သည်။ ကန်တော်ကြီးကန်အနီးတွင် တည်ရှိပြီး ကောင်း စွာစောင့်ရှောက်ထားသော ရေကူးကန်တစ်ခုလည်း ဖြစ်သည်။ လှော်ခတ်နိုင်သော ကန်တစ်ကန်လည်း ရှိသေးသည်။ ဖွင့်လှစ်ချိန်မှာ နံနက် ၇နာရီမှ နေ့လည်၁၂နာရီအထိနှင့် ညနေ ၃နာရီမှ ည၈နာရီအထိ ဖြစ်သည်။ ၀င်ကြေးမှာ ၄၀၀၀ ကျပ် (၄ ဒေါ်လာခန့်) ဖြစ်သည်။
အခြားရေကူးကန်များ
အောက်ပါတို့မှာ နောက်ထပ်ရွေးချယ်နိုင်စရာ အခြားရေကူးကန်များဖြစ်ပါသည်။
ပြည်သူ့ဥယျာဉ် ရေကူးကန်
ယင်းရေကူးကန်သည် ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်နားရှိ ပြည်သူ့ဥယျာဉ်တွင် တည်ရှိ သည်။ နိုင်ငံတော်ဆိုင်ရာ အခမ်းအနားများဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အမျိုး သားနေ့ စသည်တို့ကို ကျင်းပသော ဥယျာဉ်လည်းဖြစ်သည်။ ဖွင့်လှစ်ချိန်မှာ နေ့စဉ် နံနက် ၇နာရီမှ ည ၇နာရီအထိဖြစ်သည်။ ယင်းနေရာသည် ဘီယာသောက်ရင်း ရေပန်းများအောက်တွင် ဟစ်ပ်ဟော့ပ်သီချင်းများနှင့် ကခုန်လိုသော လူငယ်အကြား နာမည်ကြီးသော နေရာတစ်ခုဖြစ်သည်။ ကလေးများအတွက် သင့်လျော်သော ရေတိမ်သည့်ကန်များလည်း ရှိသလို လူကြီးများပါ ကစားနိုင် သည့် ရေလွှာလျှောများလည်း ရှိသည်။
ဗဟိုစည်ရေကူးကန်
ဗဟိုစည်အိမ်ယာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တွင် တည်ရှိသည်။ ဖွင့်လှစ်ချိန်မှာ နံနက် ၁၀နာရီမှ နေ့လည် ၁၂ နာရီအထိနှင့် ညနေ ၃နာရီ ၃၀မှ ညနေ ၅နာရီ ၃၀ အထိဖြစ်သည်။ ၀င်ကြေးမှာ ၁၅၀၀၀ ကျပ် (၁၅ဒေါ်လာခန့်) ဖြစ်သည်။
ချက်ထရီယမ်ဟိုတယ် ရေကူးကန်
ယင်းရေကူးကန်မှာ အုန်းပင်များဖြင့်ဝန်းရံထားသော ကြီးမားပြီး သက်တောင့်သက်သာရှိသည့် ရေကူးကန်တစ်ခုဖြစ်သည်။ လဲလျှောင်းနိုင်သော ထိုင်ခုံရှည်များစွာ ထားရှိပေးထားပြီး ရေကူးကန် ဘေးတွင် ဘားတစ်ခုနှင့် ပစ္စည်းသိမ်းခန်းများလည်း ပါရှိသည်။ ဖွင့်လှစ်ချိန်မှာ နံနက် ၇နာရီမှ ၁၀နာရီ အထိဖြစ်ပြီး ၀င်ကြေးမှာ ၂၀၀၀၀ ကျပ် (၂၀ ဒေါ်လာခန့်) ဖြစ်သည်။
အင်းယားလိတ်ခ်ဟိုတယ် ရေကူးကန်
အမှတ် ၃၇၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် တည်ရှိသော ရေကူးကန် ဖြစ်သည်။ တနင်္လာနေ့မှ သောကြာနေ့အထိ ၀င်ကြေးမှာ ၁၅ ဒေါ်လာဖြစ်ပြီး စနေနေ့နှင့် တနင်္ဂနွေ နေ့ဝင်ကြေးမှာ ၂၅ ဒေါ်လာဖြစ်သည်။ ဖွင့်လှစ်ချိန်မှာ နံနက် ၆နာရီ ၃၀ မှ ည ၈နာရီ ၃၀ အထိဖြစ် သည်။
မီကာဆာဟိုတယ် ရေကူးကန်
ယင်းရေကူးကန်သည် အမှတ် ၁၇၊ ဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တွင် တည်ရှိသည်။ တစ်ကြိမ်ဝင်ရောက်ခွင့်အတွက် ၁၂ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး ဖွင့်လှစ်ချိန်မှာ နံနက် ၆နာရီမှ ည ၁၀ နာရီအထိဖြစ်သည်။
ဟိုတယ်ပါရမီ ရေကူးကန်
ယင်းရေကူးကန်သည် ခေါင်မိုးပေါ်တွင်တည်ရှိသော ရေကူးကန်သစ်တစ်ကန်ဖြစ်ပြီး စန္ဒရား ဘားနှင့် အကင်ဆိုင်တို့လည်း ပါရှိသည်။ ဖွင့်လှစ်ချိန်မှာ အပြောင်းအလဲရှိသည်။ ပုံမှန်ဖွင့်လှစ်ချိန်မှာ နံနက် ၇နာရီမှ ညနေ ၅နာရီအထိဖြစ်သည်။ တည်နေရာမှာ အမှတ်၂၊ ပါရမီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်ဖြစ်ပြီး လာရောက်တည်းခိုသူမဟုတ်သူများအတွက် ၀င်ကြေးမှာ တစ်ဦးလျှင် ၁၀ ဒေါ်လာဖြစ် သည်။
Hinterlasse einen Kommentar
Be the First to Comment!